ရခိုင်ပြည်နယ် မောင်တောမြို့၌ သားငါးဈေးတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask) များ (အခမဲ့) ဖြန့်ဝေ

မောင်တော ဒီဇင်ဘာ  ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် မြို့မသားငါးဈေး၌ ယနေ့နံနက်(၇)နာရီအချိန်က ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့မ သားငါးဈေးရှိ ဈေးရောင်း/ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား  နှာခေါင်းစည်း (Mask) များဖြန့်ဝေပေးခြင်း ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များအား Hand Spakerဖြင့် နှိုးဆော်ခဲ့ကြပြီး  နှာခေါင်းစည်းMask(၁၅၀၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ခရိုင်(ပြန်/ဆက်)