ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၃

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ၂၉ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ထိုသို့(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပရာတွင်  မီတာ(၁၀၀)၊ ပူပေါင်းဖောက်၊ အာလူးကောက်၊ ဂုန်နီအိတ်စွပ်၊ အပ်နဖားထိုး၊  သုံးချောင်းထောက်ပြိုင်ပွဲများ ပါဝင်ပြီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား ၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားကြသည်။

ထို့အတူ(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိပြီး ဆုရရှိသူများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)