ကျိုင်းတုံ မတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာအုပ်စု ရွှေညောင်ပင်ရွာတွင် ယမန်နေ့ နံနက် ၆ နာရီက ဆိုလာမီး အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းလုံဆု၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးဝင်းမြတ်၊ ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသိန်းထိုက်နှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းတို့မှ လိုအပ်သည်များ ဆောင်ရွက်ကူညီပေးခဲ့ကာ ထောက်ပံ့ ပစ္စည်းများ ကူညီပေးခဲ့ကြောင်း သိရပါသည်။
အောင်ဇင်မြင့်၊ ရန်နိုင်ထွန်း