ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှ၃၀၁၅၀၉ ဦးထိုးပေးနိုင်ပြီဖြစ်ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှ၃၀၁၅၀၉ ဦးထိုးပေးနိုင်ပြီဖြစ်

 

ညောင်ဦး  ဒီဇင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ဒီဇင်ဘာ၁၄ရက် နံနက်ပိုင်းအချိန်ထိ ၃၀၁၅၀၉ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်း မြို့နယ်တွင် သတ်မှတ် စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင်သတ်မှတ်စုရပ်နေရာ(၁၂) နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၆၁၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၄၈၃၅၀ဦး၊ Sinovac ပထမအကြိမ် ၃၆၂၄ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃၂၁၆ ဦး၊စုစုပေါင်း ၁၄၁၃၂၀ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု ၉၂၅၈၃ဦး၊ ဒုတိယအကြိမ် Sinopharmထိုးပေးနိုင်မှု ၉၆၇ဦး၊ Sinovacပထမအကြိမ်ထိုးပေး နိုင်မှု ၅၂၉၄ ဦး ၊ Sinovac ဒုတိယအကြိမ် ၄၃၄၅ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ  ပေါင်း ၁၆၀၁၈၉ ဦး ညောင်ဦး၊ ကျောက်ပန်းတောင်း ပေါင်း ၃၀၁၅၀၉ ဦး ထိုးနိုင်ပေးနိုင်ပြီဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့်ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။