ကျောက်ဆည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည်  ဒီဇင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ လွတ်လပ်ရေးနေ့အကြာင်း ပိုမိုသိရှိစေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၈)နာရီခွဲက အေးမြကြည်လင်ဈေး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာမျိုးချစ်အားနှင့် ကာကွယ်ပါ၊ ပြည်သူ တွေရဲ့အင်အားသည်သာ အဓိက၊ ကမ္ဘာတည်သ၍ စောင့်ရှောက် စသည့်အကြောင်းအရာများနှင့် ဖိုလေး လုံးသောင်းကိုကို ရေးသားထားသည့် တို့များဆင်မြန်းလွတ်လပ်ပန်း ကဗျာတို့ စိတ်ဝင်စားဖွယ်  ပါဝင်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)