ကမာရွတ်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်ပေး

ရန်ကုန်     ဒီဇင်ဘာ  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ထာဝရမမေ့အပ်သော လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် လွတ်လပ်​ရေး၏အနှစ်သာရကို​သိရှိ​စေရန်၊လွတ်လပ်​ရေး၏ပုံရိပ်များကိုအမှတ်တရ​ရှိစေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် အသက်သွေးချွေးတို့ဖြင့် ပေးဆပ်ရယူခဲ့သော လွတ်လပ်ရေးကို နောင်လာ နောင်သားများ ထာဝစဉ်မမေ့မလျော့ ထိန်းသိမ်း ကာကွယ်အပ်ပုံများကို  မြို့နယ်ဦးစီးမှူးဒေါ်စိမ်းလဲ့နှင့်မြို့နယ် စာရေးဆရာအသင်းမှ ဆရာမကြီး​​ဒေါ်​​ရွှေကူ​မေနှင်းတို့က ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆွေး​နွေးပွဲကို ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေးစည်း မျည်းစည်းကမ်းများနှင့်အညီ​ဆောင်ရွက်​ပေးခဲ့​ကြောင်းသိရှိရပါသည်။

 စိမ်းလဲ့