မင်္ဂလာဒုံ ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးစုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ အခြားနိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစင်တာတွင် ထားရှိ၍ RDT Test Kitဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲအတည်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဓါတ်ခွဲအတည်ပြုပြီး ပိုးတွေ့ရှိသူများကို ပုလဲဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာသို့ ပို့ဆောင်ပြီး ပိုးမရှိသူများကို ထောက်ကြန့်ကိုဗစ်-၁၉ရောဂါထိန်းချုပ် ရေးစင်တာတွင် Quarantine (၁၀)ရက်ထားရှိ၍ ရက်ပြည့်ပါက မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဟု သိရသည်။
ထို့ကြောင့် ယနေ့တွင် မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်(၁၄၆)ဦးတို့ကို ယနေ့တွင် Quarantine (၁၀)ရက်ပြည့်၍မိသားစုများရှိရာမိမိတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)