ညောင်ရွှေ ဒီဇင်ဘာ ၃၀
ဒေသတွင်းငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသမျိုးရင်းငါးမျိုး စိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းလေးကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်ရက်နေ့ နံနက် (၁၀)နာရီက ညောင်ရွှေမြို့နယ်၊ နန်းသဲကျေးရွာ၊ နန်းကပ်ချောင်းနံဘေးရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါငါးမျိုးစိုက်ထည့်ခြင်းတွင် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဦးကျော်သီဟထွေး၊ ညောင်ရွှေ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ အင်းလေးကန်အတွင်းသို့ ရေစီးဝင်သည့် နန်းကပ်ချောင်းအတွင်းသို့ ငါးဖိန်းငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)ကောင်၊ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ