ရန်ကုန် ဒီဇင်ဘာ ၃၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို၊ စာဖတ်ဝိုင်းကို ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)လူထုအခြေပြု ဗဟိုဌာန Community Center စာကြည့်တိုက်ခန်းမ၌ ယနေ့မွန်းလွဲ၁နာရီက ကျင်းပရာ မြို့နယ်အတွင်းရှိ စာပေကိုချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်လူငယ်လူရွယ်များ၊ စိတ်ပါဝင်စားသူပြည်သူများ တက်ရောက်ကြပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့်၊ ကိုဗစ်-၁၉ကပ်ရောဂါ စည်းကမ်းချက်များ၊ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းကျင်းပရခြင်းသည်၊ ပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်ထိစပ်မှုရှိပြီး စာဖတ်သည့်အ လေ့အထများ ရရှိလာစေရန်၊ အသိပညာဗဟုသုတများ ကြွယ်ဝပြီး လူ့အဖွဲ့အစည်း အသိုင်းအဝန်းနှင့် ပါဝင်ဆွေးနွေးပြောဆိုတတ်စေရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။
စာဖတ်ဝိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ဆက်လက်၍ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းတွင် စာရေးဆရာမ ဒေါ်ခင်မျိုးဝင်း (တင့်တယ်ခင်)က လွတ်လပ်ရေးမော်ကွန်းစာအုပ်နှင့် ပါတ်သက်၍ သိကောင်းစရာများ ဖြစ်သောလွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့် အကြောင်းအရင်းများ၊ လွတ်လပ်ရေးဆုံးရှုံးမှုကြောင့် ရင်ဆိုင် ကြုံတွေ့ခံစားရသည့် အဖြစ်အပျက်များ၊ လွတ်လပ်ရေးပြန်လည်ရရှိအောင် တိုင်းရင်းသား ခေါင်းဆောင် များ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာဖြင့် လွတ်လပ်ရေးပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက် ခဲ့ရသည့် အခြေအနေများ လွတ်လပ်ရေးရရှိခဲ့ပြီး ရရှိလာသော လွတ်လပ်ရေးအား အလေးထား တန်ဖိုးထားကာ လွတ်လပ်ရေး ပြန်လည်မဆုံးရှုံးစေရန် မျိုးချစ်စိတ်ဓါတ်များ ပြည်ထောင်စု စိတ်ဓါတ်များ ရှင်သန်ထက်မြက်ပြီး ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်၊ လူရွယ်များနှင့်ပြည်သူများလွတ်လပ်ရေး၏ အကြောင်းသိရှိပြီး နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ရှေ့ဆောင်ရွက်ရမည့် နည်းလမ်းကောင်းများစသည့် သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော လူငယ်လူရွယ်များက လွတ်လပ်ရေး မော်ကွန်းစာအုပ်တွင် ပါဝင်သည့်သိရှိလိုသောအကြောင်းအရာများကို မေးမြန်းကြရာ စာရေးဆရာမဒေါ်ခင်မျိုးဝင်း (တင့်တယ်ခင်)က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်