ကျောက်ဆည်မြို့ တံတားလည်ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်း၊တံတားများပြုပြင်ခြင်း၊ ရေစီးရေလာကောင်းစေရေး ရေ နှုတ်မြောင်းများ အတွင်းရှိအမှိုက်များရှင်းလင်းခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ်တွင် ကြက်မင်းတွန်ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းပိုင်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောက်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး သာမန်ခွင့်ပြုရန်ပုံငွေ ကျပ်(၉.၈၀) သန်း အကုန်အကျခံကာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူပြီး အရှည်(၅၈၀)ပေ၊ အကျယ်(၁၈) ပေ၊ ထု (၉)လက်မရှိ လမ်းပိုင်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလမ်းပိုင်းသည် ကျောက်ဆည်မြို့၏ မြို့ပတ်လမ်းတွင်ပါဝင်ပြီး တံတားလည်ရပ်ကွက်အတွင်း တည်ရှိသည့် လမ်းပိုင်းတစ်ခုဖြစ်ကာ ယခုအခါ လုပ်ငန်းများ ပြီးစီးပြီဖြစ်သောကြောင့် ပြည်သူများ ဖြတ်သန်းသွားလာရာတွင် ပိုမိုချောမွေ့ အဆင်ပြေသွားပြီဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)