ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေပြည်သူများအား ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေး

ထန်းတပင်(ရန်ကုန်)   ဒီဇင်ဘာ   ၃၀

ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက ကျူတောကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်လည်း ကျေးရွာအရောက် ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်း  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် အဖွဲ့ဝင် ဦးအေးဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရပြီး ကျူတောကျေးရွာအုပ်စုသို့ ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးရာတွင်လည်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးခင်ဆွေ၊ ဒုလဝကမှူး ဒေါ်သက်သက်နှင့် ဝန်ထမ်းများက ကျူတောကျေးရွာအုပ်စုအတွင်း အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသည့်   ကျေးရွာနေပြည်သူ (၁၆)ဦးနှင့် အသက် (၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျေးရွာနေပြည်သူ (၄၁)ဦး စုစုပေါင်းကျေးရွာ နေပြည်သူ(၅၇)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်၍ ဆောင်ရွက် ပေးလျက်ရှိပြီး ယမန်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးလျှောက်ထားသူ(၈၄၂)ဦးနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ(၈၃၅၄)ဦး စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့်ရပ်ကွက်၊ ကျေးရွာနေပြည်သူ(၉၁၉၆)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်းလည်း သိရသည်။ 

ဇင်မင်းထိုက်