နမ့်ဆန်၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်

နမ့်ဆန် မတ်  ၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းကော်မတီအဖွဲ့များတို့က ခရီးဝေးမှ ရောက်ရှိလာသည့် ခရီးသည်များအား စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများအား ယမန်နေ့ညနေ (၅)နာရီခွဲအထိ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းကော်မတီဖြစ်ကြသည့်  ဦးကျော်ဇင်လတ် (ကျေးလက်ရုံးဦးစီးမှူး) က ဦးစီး၍ ကျန်းမာရေး ဝန်ထမ်း(၂)ဦး၊ မြို့နယ်ထွေ/အုပ် ဝန်ထမ်း (၂)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၂)ဦး၊ မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နမ့်ဆန်ဌာန ပြည်သူ့စစ် (၂)ဦး၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ နမ့်ဆန်မြို့နယ်အဝင် မြို့နယ်ပြည်သူ့ဆေးရုံ ရှေ့တွင် စောင့်ဆိုင်း၍ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မန္တလေးနှင့် အခြားသောမြို့မှ ဝင်ရောက်လာသည့် ခရီးသည်ယာဉ်(၁၁)စီး အခြားယာဉ် (၂)စီး၊ ဆိုင်ကယ်(၁၅)စီးတွင် ပါလာသော ခရီးသည် (၈၉) ဦးအား တရုတ်ပြည်မှ ဝင်ရောက် လာသည့် ခရီးသည်ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းအပြင် အပူချိန်တိုင်းတာခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ ရောဂါကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းကောင်းများ၊ ရောဂါကင်းဝေးစေရန် လက်ဆေးခြင်း နည်းလမ်းကောင်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)