သုံးခွ ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ညောင်လန်းကုန်းကျေးရွာ အ.ထ.က ကျောင်းတွင် ပညာသင်ကြားနေသော မောင်အောင်သူ၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးသည့် ရင်တွင်းစကားသံများကိုလည်း ယခုလို ကြားသိခဲ့ရပါတယ်။
အထက ညောင်လန်းကုန်း
မောင်အောင်သူ(Grade-10)
ကျွန်တော့်အမည်ကတော့ မောင်အောင်သူ ဖြစ်ပါတယ်၊ သာသာမြိုင်ကျေးရွာမှာနေပါတယ်၊ ကျွန်တော်က အ.ထ.က ညောင်လန်းကုန်းကျေးရွာမှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ်၊ ကျွန်တော် ကိုဗစ်ကာကွယ်ဆေးကို ၁၇-၁၀-၂၀၂၁ ရက်နေ့မှာ စထိုးပါတယ်။ အခုဆို နှစ်ကြိမ်လုံးထိုးပြီးပြီ၊ အစပိုင်းထိုးရမှာ ကြောက်စိတ်တော့၀င်မိတယ်၊ ကိုဗစ်ကာကွယ်ဆေးက ၁၈ပြည့်ပြီးမှ ဆေးထိုးခွင့်ရတာဆိုတော့ ကျွန်တော်တို့ ၁၈နှစ် မပြည့်သူတွေ ကာကွယ်ဆေး ထိုးခွင့်မရတော့ဘူးလို့ ထင်ထားတာ အခုကာကွယ်ဆေးထိုးခွင့် ရလို့ အရမ်းပျော်ရွှင်မိပါတယ်၊ ကျောင်းသူ/သားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးပေးနေတာလည်း ရုပ်မြင်သံကြား TV၊ Facebook တွေမှာ မြင်ရတော့ ပိုပြီး၀မ်းသာပီတိ ဖြစ်ရပါတယ်၊ ကျောင်းသား/သူတွေ အားလုံးကိုယ်စား နိုင်ငံတော်အစိုးရကို ကျေးဇူးတင် မိကြောင်း ပြောကြားလိုပါတယ်၊ TV မှာ ကာကွယ် ဆေးတွေ အခြားနိုင်ငံက ရောက်ရှိတာ မနေ့က သတင်းမှာ တွေ့မိတယ်၊ စိတ်ချမ်းသာစရာပေါ့ဗျာ၊ အခုဆို အခြားနိုင်ငံတွေမှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ(အိုမီခရွမ်) ရောဂါတွေ ဖြစ်နေကြတယ်၊ အဲ့လိုရောဂါတွေကို ကာကွယ်ဖို့ ကျန်းမာရေးဌာန လမ်းညွှန်ချက်တွေအတိုင်း နေထိုင်ကြပါ၊ လက်ဆေးပါ၊ Mask တပ်ပါ၊ အိပ်ရေးဝဝအိပ်ပြီး မိမိခန္ဒာကိုယ်ကိုယ် ကောင်းမွန်အောင် နေထိုင်ကြပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်မှန်စားပါ၊ ကိုဗစ်-၁၉ရောဂါသံသယ လက္ခဏာပေါ်ပါက မိမိအိမ်တွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသမှု ခံယူကြပါ။ ဆေးထိုးရန် ကျန်တဲ့သူများကိုလည်း ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ပြည့်မီအောင် ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။
မြို့နယ် (ပြန်/ဆက်)