ကာမိုင်း ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ ပြည်သူ့ အားကစားကွင်းနှင့် အထက မြစိမ်းရောင်ခန်းမတို့၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် အတွက်၂၀၂၂ခုနှစ်၊ ဇန်နဝါရီ၄ရက်နေ့တွင် ကျရောက်မည့်(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများကိုဒီဇင်ဘာ(၂၇)နှင့် (၂၈)ရက်နေ့တို့တွင်ကျင်းပခဲ့သည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့် နှင့်အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများပါ၀င်ယှဉ်ပြိုင်ကြပြီး ကျား/မမီတာ(၅၀)အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်၊ လွန်ဆွဲ၊ ထုပ်ဆီးတိုး၊ ကျပန်းစကားပြော၊ စာစီစာကုံး၊ အာလူးကောက်၊ ပူပေါင်းဖောက်၊ ဖားခုန်၊ မုန့်စား၊ ပန်းကန်ပြားရွက်၊ ဖယောင်းတိုင်မီးထွန်းလမ်းလျှောက်ပြိုင်ပွဲ စသည့်အားကစားနည်း (၁၂)မျိုးကိုဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း ကိုဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက် )