မိုးကုတ် ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးကုတ်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးကုတ်မြို့နယ် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နန်းခွာညိုနှင်းမှ ရှင်းလင်းပြောကြားပြီး စာရေးရာချစ်နိုင်(စိတ်ပညာ)၏ “ချစ်လို့ပြောတာမှတ်ပါ” ဆောင်းပါးစာအုပ်အား စာဖတ် ဝါသနာရှင်များမှ အသီးသီးဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းအား မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်းခွာညိုနှင်း