မိုင်းရယ်မြို့ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့သရုပ်ပြ

 

မိုင်းရယ် ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာနမှဦးစီး၍ မိုင်းရယ်မြို့ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့မဈေးကြီးအတွင်း  ပြုလုပ်ခဲ့သည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်တွေ့သရုပ်ပြပွဲတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးသီဟစိုးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများအဖြစ် မီးသွေး၊ မီးဖို၊ လျှပ်စစ်နှင့် ဂက်စ်အိုးများအသုံးပြု၍ မီးဘေး အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေများနှင့် မီးဘေးအန္တရာယ်ကျရောက်ပါက မီးငြိမ်းသတ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး ဆိုင်ရာများကို အသိပညာပေးပြောကြားပါသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကျရောက်လာပါက မီးငြိမ်းသတ်ခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြခြင်း၊ လက်တွေ့မီးငြိမ်း သတ်ခြင်းများကို သရုပ်ပြပြီး ဈေးသူဈေးသားများက လက်တွေ့မီးငြိမ်းသတ်ခြင်းများ  ပြုလုပ်ပါသည်။

အဆိုပါ လက်တွေ့သရုပ်ပြခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ ဈေးသားများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်ထိုက်(ပြန်/ဆက်)