မိုးမိတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

မိုးမိတ်  ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဒေါ်နေမျိုးပိုင်က “လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း” ကို ရှင်းလင်း ဟောပြောခဲ့ပြီး တက်ရောက် လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လူထုအခြေပြု ဗဟိုဌာန၌ ခင်းကျင်း ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စည်သူဌေး