မိုးနဲ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့မြေစိုက် နံရံကပ်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များအား ပြည်သူများ လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ဗီနိုင်းပိုစတာ မှတ်တမ်းဓါတ်ပုံများဖြင့် ယနေ့၊ နံနက်ပိုင်းက စတင်ခင်းကျင်း ပြသထားလျက်ရှိသည်။
ယင်းသို့ ပြသထားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် မှတ်တမ်းဓါတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် မှတ်တမ်းများအား ပြည်သူများ လေ့လာဖတ်ရှုသိရှိနိုင်ရန် ဝေဝေဆာဆာဖြင့် ခင်းကျင်းပြသ ထားလျက်ရှိရာ လမ်းသွား၊ လမ်းလာ ဒေသခံပြည်သူများက လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ