နမ့်ခမ်း ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဥ်ကျင်းပသည့် (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့အကြို ပြပွဲ/ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပြပွဲ/ပြိုင်ပွဲတွင် မြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပြပွဲ/ပြိုင်ပွဲများ ကျင်းပသည့် ရည်ရွယ်ချက်များနှင့် ကလေးသူငယ်များအတွက် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် သိကောင်းစရာများ ကို ဆွေးနွေးဟောပြောကြားသည်။
ထို့နောက် ကလေးသူငယ်များအား စာအုပ်စာစောင်များနှင့် ပိုမိုရင်းနှီးမှုရရှိစေရန် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ စာအုပ်စာစောင်များနှင့် မိတ်ဆက်ခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ကာ လာရောက်ကြသည့် ပျော်ရွှင်စရာဂိမ်းများဖြစ်သည့် ထိုင်ခုံလုခြင်း၊ ပူစီဖောင်းဖောက်ခြင်းများ ဆောင်ရွက် ပေးပြီး လာရောက်ကြသည့် ကလေးသူငယ်များက ပျော်ရွှင်စရာဂိမ်းကစားပြီး အနိုင်ရသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)