ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဒီဇင်ဘာ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေနံနက် ၉ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကိုကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ် ပေးရခြင်းဖြင့် အတွေး အခေါ် ဗဟုသုတများနှင့် လူအများ‌ရှေ့တွင် ပြောရဲဆိုရဲရှိ လာ‌စေရေး၊ လူကြီးများက လူငယ်များ အပေါ် အတွေးအခေါ် အယူအဆများနှင့် အမှားအမှန်‌ ဝေဖန်ပိုင်းခြားမှုများရရှိ‌စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြစ်‌ကြောင်း စသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ (Book Club) အသင်းမှအဖွဲ့ဝင် ဦးခင်ဇော်က စာရေးဆရာမောင်မြင့်ကြွယ်နှင့် မောင်မောင်အေးရေးသားထားသည့် “ထူးချွန်သူ ၅၀၀ တို့၏ ကိုယ်တွေ့အောင်မြင်ရေးနီတိများ” စာအုပ်ထဲမှ ရည်ရွယ်ချက်တိကျခိုင်မာမှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်နှင်းနှင်းသူမှ “ပျော်ရွှင်မှု” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် (Book Club) အသင်းမှအဖွဲ့ဝင် ဦးခင်ဇော်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကျော်သူရ (ကော့မှူး)