ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်နှင့်ဒုတိယအကြိမ်များအားဆက်လက်ထိုးနှံ

မိုးကုတ်   ဒီဇင်ဘာ  ၂

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်အသက် (၁၈) ပြည့်ပြီးသူများအား ပဉ္စမအသုတ် အဖြစ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)အား ပထမအကြိမ် ထိုးပေးခြင်းနှင့်ပထမ အကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိရာ နေ့စဉ်နံနက်(၉)နာရီမှ (၁၂)နာရီထိ မိုးကုတ်မြို့မိုးလုံလေလုံအားကစားခန်းမနှင့်ကျပ်ပြင်ပတ္တမြားရတနာခန်းမတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ထိုးနှံပေးရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး တစ်ကြိမ်မျှဆေးမထိုးရသေးသူများအား ပထမအကြိမ် ဆေးထိုးနှံရာတွင် သွေးပေါင်းချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်တိုင်းပေးခြင်း၊ ကာကွယ် ဆေးထိုးမှတ်တမ်းသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်မာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ် ကော်မတီမှ သိရသည်။

နန်းခွာညိုနှင်း