တနိုင်းမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

တနိုင်း   ဒီဇင်ဘာ  ၂၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွမ်းတူးမှ ကြိုဆိုနှုတ်ခွန်းဆက်ပြောကြားပြီး၊ ဖွဲ့စည်းပုံပါအား ရှင်းလင်းပြောကြားခြင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် (၂) ပတ်လျှင် (၁) ကြိမ်တွေ့ဆုံဆွေးနွေးကြရန်၊ ကျေးရွာစာကြည့်တိုက် များရေရှည်ရှင်သန်နိုင်ဖို့ ပြုပြင်ထိန်းသိမ်းရန်ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရန် လိုအပ်ကြောင်း ဆွေးနွေးသည်။

စာကြည့််တိုက်များ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ဝါဦးက ကျေးရွာစာကြည့်တိုက်တွေ ရေရှည်ရှင်သန်ဖို့  အကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြိုင်ပွဲ၊ ပြပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို (၃၁.၁၂.၂၀၂၁) ရက်နေ့တွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆုရသူများကို လွတ်လပ်ရေးနေ့ အခမ်းအနား တွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် အဖွဲ့ဝင်များက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလေး၊ လူငယ်၊ လူလတ်ပိုင်းများ စာဖတ်ဝိုင်း များစဉ်ဆက်မပြတ် ဆောင်ရွက်ရွက်သွားရမှာ ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် တနိုင်းမြို့နယ် အတွင်းမှကျောင်းတစ်ကျောင်းလျှင်(၂) ဦးနှုန်းဖြင့် ပြိုင်ပွဲဝင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဝါဝါ(ပြန်/ဆက်)