နောင်ချိုမြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ

နောင်ချို  ဒီဇင်ဘာလ ၂၈ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲကျင်းပရာတွင် ပညာရေးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ကလေးငယ်များ၏ ကာယစွမ်း ရည်တိုးတက်စေရေး၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရေး ၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရေးတို့ကို ရည်ရွယ်၍  ကျောင်းတွင်းအားကစားပြိုင်ပွဲကို စီစဉ်ကျင်းပခဲ့ကြောင်း၊ အားကစား ပြိုင်ပွဲတွင် အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၊အလယ်ဆင့် အိတ်စွပ်(ကျား) ပြိုင်ပွဲ၊ အလယ်ဆင့် အာလူးကောက်(မ)ပြိုင်ပွဲ၊ အလယ်ဆင့် ထုပ်ဆီးတိုး (မ) ပြိုင်ပွဲ၊ အလယ်ဆင့်(ကျား၊မ)မီ တာ ၁၀၀ ၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ မူလတန်းအဆင့် မီတာ ၅၀၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း၊ ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

ထွေးငယ်၊ (ပြန်/ဆက်)