ကျောက်ဆည်မြို့တွင် ကျေးလက်လမ်း(၂)လမ်းပြုပြင်ခြင်းနှင့်Box Culvert တံတားအသစ်(၃)စင်း တည်ဆောက်ပေးလျက်ရှိ

ကျောက်ဆည်   ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်လမ်းများနှင့် တံတားများကောင်းမွန်ပြီး ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ကျေးလက်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ပျက်စီးနေသည့်လမ်းများအားပြုပြင်ပေးခြင်း၊ ကျေးလက်လမ်းများပေါ်တွင် လိုအပ်သည့် တံတားများ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၉၇.၃၆၀)သန်းဖြင့် ကျေးလက်လမ်း(၂)လမ်း ပြုပြင်ခြင်းနှင့် Box Culvert တံတား (၃)စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၉၇.၃၆၀)သန်း အကုန်အကျခံကာ ကျောက်ဆည်ခရိုင်ပတ်လမ်းမှ  အရှည်(၂/၅)မိုင်၊ အကျယ် (၁၈)ပေ၊ ထု(၄)လက်မရှိ အရှေ့ သာဂရ-ဆည်ကုန်း-ဈေးရွာလမ်းနှင့် အရှည်(၂/၃)မိုင်၊ အကျယ်(၁၈)ပေ၊ထု(၄)လက်မရှိ မြောင်းဦး-ကြက်ဆင်-ရန်ပုံနှစ်-ကျီပြ လမ်းတို့အား ဂျင်းကျောက်မြေခင်းခြင်းနှင့် ခတက်ကုန်းကျေးရွာအဝင်လမ်းတွင် အရှည်(၅)ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေရှိ Box Culvert တံတား(၁)စင်း၊ ငါးမြွေကုန်း-ထုံးဘို ကျေးရွာလမ်းတွင် အရှည်(၅)ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေရှိ Box Culvert တံတား(၁)စင်းနှင့် စင်းကွန်းကျေးရွာအရှေ့ဘက်လမ်းတွင် အရှည်(၅)ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေရှိ Box Culvert တံတား(၁)စင်း တို့အား ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အရှေ့သာဂရ-ဆည်ကုန်း-ဈေးရွာ လမ်းအား ဂျင်းကျောက်မြေခင်းပေးခြင်းဖြင့် ကျေးရွာ(၄)ရွာမှ အိမ်ခြေ(၄၉၀)၊ လူဦးရေ(၂၁၉၂)ဦး၊ မြောင်းဦး-ကြက်ဆင်-ရန်ပုံနှစ်-ကျီးပြလမ်းအား ဂျင်းကျောက်မြေ ခင်းပေးခြင်းဖြင့် ကျေးရွာ(၄)ရွာမှ အိမ်ခြေ(၆၄၈)၊လူဦးရေ(၃၀၃၂)ဦး၊ ခတက်ကုန်းကျေးရွာအဝင်လမ်း တွင် Box Culvert တံတား (၁) စင်းဆောက်လုပ်ပေးခြင်းဖြင့် ကျေးရွာ(၂) ရွာမှ အိမ်ခြေ(၄၆၃)၊ လူဦးရေ (၂၃၆၄)ဦး၊ ငါးမြွေကုန်း- ထုံးဘို ကျေးရွာလမ်းတွင် Box Culvert တံတား(၁)စင်း ဆောက်လုပ်ပေးခြင်း ဖြင့် ကျေးရွာ(၃)ရွာ၊ အိမ်ခြေ (၆၁၅)၊ လူဦးရေ(၂၇၉၃)ဦး၊ စင်းကွန်းကျေးရွာအရှေ့ဘက်လမ်းတွင် Box Culvert တံတား(၁)စင်း ဆောက်လုပ်ပေးခြင်းဖြင့် ကျေးရွာ(၂)ရွာမှ အိမ်ခြေ(၈၉၄)၊ လူဦးရေ(၃၇၀၄)ဦး တို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင်များစွာ အဆင်ပြေသွားမည် ဖြစ်ကြောင်းနှင့် ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အချိန်တိုအတွင်း လွယ်ကူစွာ ကုန်စည်စီးဆင်းနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှသိရှိရသည်။

သက်မောင်