ငါ့သရောက် ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးမြေစိုက်နံရံဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉) ရပ်ပါ မှတ်တမ်းဓာတ်ပုံများအား အများပြည်သူကြည့်ရှု့နိုင်ရန် ယနေ့နံနက်အချိန်မှစတင်ပြီး ပြသထားကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူပြည်သားများနှင့် ကျောင်းသားကျောင်းသူများ အလွယ်တကူ ဖတ်ရှုလေ့လာသိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများအပါအဝင် ဗီနိုင်ပိုစတာများဖြင့် ဝေဝေဆာဆာ ပြသထားသည့် နံရံကပ် ဗီနိုင်းပိုစတာများအား ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ကိုထိန်-KPD