မိုင်းဖြတ် ဒီဇင်ဘာ ၂၇
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားများ၊ ပြပွဲ၊ ပြိုငွပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ အခမ်းအနားကျင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေးနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန်က မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦရှောလမွန်က ပညာရေးဌာနနှင့်ပူးပေါင်းပြီး အကြို ဟောပြောပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်ခမ်းအနားကို မြို့နယ်ပြည်သူ့ပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌လည်းကောင်း၊ သဝဏ်လွှာ ဖတ်ပွဲနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌လည်းကောင်း စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး