ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရမ်းဗြဲ  ဒီဇင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယမန်နေ့က အချွိန်ပြင်ကျေးရွာအုပ်စု၊ သပြေကျွန်းကျေးရွာရှိ ‘ပန်းသပြေ ကျေးရွာစာကြည်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် သပြေကျွန်းကျေးရွာမှ  ပန်းသပြေ စာကြည့်တိုက်ကော်မတီဝင်များ  စာကြည့်တိုက်အသင်းဝင် လူပျို/အပျိုများနှင့် တွေ့ဆုံဆွေးနွေးကြရာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းမှ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ စာကြည့်တိုက်ရှိစာအုပ်များ ပျောက်ဆုံးပျက်စီးမှုလျော့နည်းအောင် လုပ်ဆောင်ကြရမည့် အချက်များနှင့် စာအုပ်များတိုးပွားလာအောင် ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို အကျယ်တဝင့် ရှင်းပြောကြားပါသည်။

၎င်းနောက်ရမ်းဗြဲမြို့မှ ဦးဖိုးနု (စာရေးဆရာ ကိုယ်ရမ္မာ) မှလည်း ကျေးရွာတိုင်းတွင် စာကြည့်တိုက် (သို့မဟုတ်) စာဖတ်ခန်းများအမှန်တကယ်ရှိသင့်ကြောင်း၊ စာကြည့်တိုက်မရှိသောကျေးရွာသည် ပြူတင်းပေါက်မရှိသောအိမ်နှင့် တူသကဲ့သို့ စာကြည့်တိုက်တွင်ပါဝင်လုပ်ဆောင်ကြသော သူများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းဆိုသည်မှာ ပရဟိတလုပ်ငန်းတစ်ခုဖြစ်သဖြင့် ဗြဟ္မာစိုရ်တရားကို လက်ကိုင်ထားပြီး လုပ်ကိုင်ကြရန်လိုအပ်ကြောင်းတို့ကို ဆွေးနွေးမှာကြားပါ သည်။

ဆက်လက်ပြီး ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းမှ ပန်းသပြေစာကြည့်တိုက်သို့ စာအုပ်/စာစောင်များ လှူဒါန်းပေးရာ စာကြည့်တိုက်မှူးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်နိုင်