တာလေ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့အမှတ်(၂) ရပ်ကွက်တွင် ရပ်ကွက်အတွင်းရှိ လမ်းများဖွံဖြိုးရေးနှင့် စနစ်တကျဖြစ်စေရေး၊ အများပြည်သူများက လမ်းကိုအဆင်ပြေ ချောမွေ့စွာ အသုံးပြုသွားလာနိုင်ရေးတို့အတွက် လမ်းအား အဆင့်မြင့်တင်ခြင်း ကွန်ကရစ်ခင်းခြင်းကို ဒီဇင်ဘာ ၁၇ ရက်က စတင်ခဲ့ပြီး ယနေ့တွင်လည်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ အမှတ်(၂) ရပ်ကွက်ရှိ လမ်းသွယ်(၅)အား အဆင့်မြင့်တင်ခြင်း ကွန်ကရစ်ခင်းခြင်းအား မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ဦးဆောင်စည်းရုံးမှုဖြင့် လမ်းအား အသုံးပြုသွားလာနေသည့် တာလေမြို့ သဲလုပ်ငန်းရှင်များက စုပေါင်းကူညီ၍ ရပ်ကွက်နေပြည်သူများက ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် လမ်းအရှည် ပေ(၁၀၀၀) ရှိသည့်အနက် ယခင်နှစ် ပေ(၃၀၀) ကို ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့်အပိုင်းအား ယခုနှစ်အတွင်း လမ်းအရှည် ၃၅၀ ပေ၊ အကျယ် ၂၀ ပေ၊ ထု ၈ လက်မရှိ ကွန်ကရစ်လမ်းအဆင့်မြင့်တင်ခြင်းကို ကုန်ကျစရိတ်ငွေ ကျပ်သိန်း ၁၂၀ အား သဲလုပ်ငန်းရှင်များက စုပေါင်းကူညီ၍ ရပ်ကွက်နေ ပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရာ ယခုတွင် ကွန်ကရစ်လမ်းခင်းခြင်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့်အပိုင်းအား လမ်း၏စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးနိုင်ရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ကျော်မိုး