ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီ ချိန်က ဆွမ်ပရာဘွမ်မြို့ (အ.ထ.က)ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစည်းကမ်းများနှင့်အညီ ဆောင်ရွက် ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးစီ နာမည်စာရင်း မှတ်တမ်းရေးသွင်း၍ ပထမအကြိမ် ဆေးထိုးပြီးသူ စုစုပေါင်း (၉၃)ဦးအား ဒုတိယအကြိမ် ဆေးထိုးပေးနိုင်ခဲ့ကာ ဆေးထိုးပြီး နာရီဝက်အကြာ သတ်မှတ်ထားသောနေရာတွင် အနားယူစောင့်ကြည့်၍ ပုံမှန်အနေအထားရောက်မှ မိမိသက်ဆိုင်ရာ အတန်းအခန်းတွင်းသို့ ပြန်ခွင့်ပြုကြောင်း သိရသည်။
ဆေးထိုးခြင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနများ၊ ပညာရေး တာဝန်ရှိသူများနှင့် ရပ်/ကျေး စာရေးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ