ပျော်ဘွယ် ဒီဇင်ဘာ ၂၇
ပျော်ဘွယ်မြို့နယ်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းတို့သည် ကိုဗစ်- ၁၉ ဗီဇပြောင်းအိုမီခရွန်(omicron)ရောဂါပိုးအား သတိပြုကာကွယ်နိုင်စေရန်အတွက်အသိပညာ ပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ရွှေပြည်ရန်အောင်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင်တံတောင်ဆစ်ကွေးနှင့်အုပ်၍ ကာရံသွား ရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်များအား လေဝင်ထွက်မှုကောင်းမွန်ရေး ဖွင့်ထားကြရန်၊ လက်ကို ဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာဆေးကြောသွားရန်၊ လူစုလူဝေးအား ရှောင်ရှာခြင်းဖြင့် မိမိတို့နေအိမ်တွင် တတ်နိုင်သမျှနေထိုင်ကြရန်၊ ရောဂါ လက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ကိုဗစ်-၁၉ရောဂါကွင်းဆက်ဖြတ်တောက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ထိုးနှံနိုင်ရေးတို့အား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)