မိုင်းလုံ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များ အတွက် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ပြည်သူ့စာကြည့်တိုက် Page များတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက် ပေးလျက်ရှိပါသည်။
ယနေ့မှာလည်း ဒေါ်အိမိုးခိုင်က ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို စာအုပ်စာပေနှင့်အမြဲထိတွေ့စေရန်၊ ယဉ်ကျေးလိမ္မာသော သားသမီးများဖြစ်စေရန်နှင့် စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန် ရည်ရွယ်၍ ရုန်တူစာပေမှရေးသားသော “ပညာရှိယုန်” စာအုပ်ဖြင့် ရုပ်ပုံပြ ပုံပြောခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)