မိုင်းလုံ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းကို ကိုဗစ်-၁၉ ရောဂါလမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ဘဲ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု သိသိသာသာ လျော့နည်း လာပြီဖြစ်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ရာ မူလတန်း (၂၄၄)ဦး၊ အလယ်တန်း (၁၃၅) ဦး၊ အထက်တန်း (၃၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်