တာလေ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်း ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ နားယောင်းကျေးရွာ အုပ်စုအတွင်း ဆေးထိုးစုရပ် (၄) နေရာတွင် အသက် ၁၈ နှစ်အထက်ရှိ သံဃာတော်များနှင့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ရှေးဦးစွာ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ သွေးပေါင်ချိန်ခြင်း၊ ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပြီး ရောဂါပိုးကင်းရှင်းသူများကိုသာ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံခြင်းကို နားယောင်းကျေးရွာအုပ်စုအတွင်း တောင်သုံး လုံး၊ နမ့်ပိန်း၊ ရန်ကင်း(၁)နှင့် တာကြန့်ကျေးရွာတို့ရှိ ဆေးထိုးစုရပ်(၄)နေရာမှ အသက် ၁၈ နှစ် အထက် သံဃာတော်များနှင့် ကျေးရွာနေပြည်သူများအထဲမှ စတုတ္ထအသုတ် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ(၃၅၀)ဦးအား ဆေးထိုးစုရပ်အသီးသီးတွင် ယနေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို စတုတ္ထအသုတ် ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းဖြစ်ပြီး တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေး စေတနာ့ ဝန်ထမ်းများ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျေးရွာမှ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ဒေသအတွင်းရှိ ကျေးရွာနေပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများမှ ကျေးရွာများအထိကွင်းဆင်း၍ စနစ်တကျ စာရင်းကောက်ယူပြီး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)