ပုဗ္ဗသီရိ ဒီဇင်ဘာလ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးဌာနမှူးရုံးမှ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာအုပ်စု၊ ကျည်တောင်ကန် အမှတ်(၂)၊ (၃)၊(၄) ရပ်ကွက်ရှိ ကျေးရွာနေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးဝင်းသိန်းနှင့် ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြဆို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းမရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကန် အမှတ်(၃) ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်းတိုက်၌ဆောင်ရွက်ပေးကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်ကောင်စီစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်နှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဥတ္တရခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးတို့က တက်ရောက်လာသော ရပ်ကွက်နေပြည်သူများအား ပန်ခင်းစီမံချက်လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ဆောင်ရွက်ပေးမည့် လုပ်ငန်းများအကြောင်း၊ အိမ်ထောင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စနစ်တကျ ထိန်းသိမ်းကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုဗ္ဗသီရိမြို့နယ်ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့်ဝန်ထမ်းများသည် ကျည်တောင်ကန် အမှတ်(၂)၊(၃)၊(၄) ရပ်ကွက်ရှိ အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမျိုးသား (၄၈) ဦး၊ အမျိုးသမီး (၅၅)ဦး၊စုစုပေါင်း (၁၀၃)ဦး၊ အသက်(၁၈)နှစ်ပြည့် အမျိုးသား (၁၀)ဦး၊ အမျိူးသမီး (၁၁)ဦး၊ စုစုပေါင်း (၂၁)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)