မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများစာပေကိုအလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာအုပ်စာပေများမှ ရရှိသည့်ဗဟုသုတများကို လွယ်လင့်တကူ ရရှိစေနိုင်ရန် ရည်ရွယ်၍ Mobile Library နယ်လှည့်စာငှားလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်ပိုင် ပညာရပ်ဆိုင်ရာစာအုပ်များ၊ ဂန္တဝင်ဝတ္ထုစာအုပ်များ၊  မဂ္ဂဇင်းနှင့်ဝတ္ထုစာအုပ်များ စုစုပေါင်း(၃၀)အုပ်ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဝန်ထမ်းများအား ငှားရမ်းပေးခဲ့သည်။ ထို့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များကိုလည်း လာရောက် ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် အသင်းဝင်ကတ်ပြားများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ချစ်စုဝေ(ပြန်/ဆက်)