မောက်မယ်မြို့နယ်အတွင်း ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) စတုတ္ထအသုတ် (ဒုတိယအကြိမ်) ပြည်သူများအား ဆက်လက်ထိုးနှံ

မောက်မယ် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ အားလုံးကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များတွင်  ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) စတုတ္ထအသုတ် (ဒုတိယအကြိမ်)ကို  စျေးတန်းရပ်ကွက်ရှိ သီရိမင်္ဂလာမြို့လယ်ဓမ္မာရုံ၌ ကာကွယ်ဆေး ထိုးစုရပ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် များတို့က လက်သန့်ဆေးရည် ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ် − ၁၉ ရောဂါကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ် (Sinophram) အမျိုးအစားကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူငါးယောက်နှုန်းဖြင့် မောက်မယ်မြို့ပေါ် ရပ်ကွက်အတွင်း ယနေ့တွင် စတုတ္ထအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)