လဲချားမြို့နယ် ပုံတိုက်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

လဲချား  ဒီဇင်ဘာ  ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပုံတိုက်ကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒု-လဝကမှူး ဦးစိုင်းရွက်ဖမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရခြင်း၏ အကျိုးကျေးဇူး၊ နိုင်ငံသားကတ် ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ နိုင်ငံသားကတ်ကို ပျောက်ပျက်မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် ကျေးလက်နေ ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ပုံတိုက် ကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ (၉၁)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)