သံဖြူဇရပ် ဒီဇင်ဘာ၂၇
ကိုဗစ်-၁၉ ကာလတွင်းအများ ပြည်သူအသိပညာဗဟုသုတ ရရှိစေရန်အတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက် ၁၁ နာရီ က ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူ များအသင်း (Book Club) အဖွဲ့ဝင်၊ မြို့နယ် စာရေးဆရာအသင်းမှ အလုပ်အမှူဆောင် စာရေးဆရာ ဦးစံသောင်းက လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ ရဲဘော်သုံးကျိပ်ဖြစ်ပေါ်လာပုံ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး ဖြစ်ပေါ်လာပုံစသည့် လွတ်လပ်ရေးနှင့်ပတ်သက်၍ သိကောင်းစရာများ၊ တိုင်းရင်းသား ခေါင်းဆောင်းများ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာဖြင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်မှု ရရှိထားသောလွတ်လပ်ရေးကို အလေးထား တန်ဖိုးထားပြီး ကာကွယ် ထိန်းသိမ်း ရမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေး ပြောကြားသည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ပြည်သူများအား အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)