သာကေတ ဒီဇင်ဘာ ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန (community centre) ခန်းမတွင် အမျိုးသမီးအိမ်တွင်းမှုပညာ သင်တန်းအဖြစ် ဆံညှပ် ဘိုးကလစ် ပြုလုပ်နည်းကို ယမန်နေ့ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ အိမ်တွင်းမှုသင်တန်းကို သာကေတမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ် Woman Club အဖွဲ့ဒုဥက္ကဋ္ဌ ဒေါ်စမ်းစမ်းနွဲ့မှ ဆံညှပ်ဘိုးကလစ် ပြုလုပ်နည်း အဆင့်ဆင့်ကို သင်တန်းသူများအား သင်ကြားပေးပြီး အိမ်တွင်းမှုသင်တန်းကို ဝါသနာပါသည့် သင်တန်းသူများအား အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)