ရန်ကင်း ဒီဇင်ဘာ ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ဆောင်ရွက်ပြီး မှတ်ပုံတင် ကတ်ပြားများ ကွင်းဆင်းပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကင်းမြို့နယ် ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများက အမှတ်(၅)ရပ်ကွက် နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၅)ခု အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့် ပေးအပ်ခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ရန်ကင်းမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရန် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး လဝက မြို့နယ်ဦးစီးမှူးရုံးတွင်လည်း နေ့စဉ်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)