နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

နွားထိုးကြီး  ဒီဇင်ဘာ  ၂၇    

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ်အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ ငါးဦး 5Doseထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ်အထက် ပြည်သူထိုးနှံပေးပြီး စုစုပေါင်း(၅၁၄၀၇)ဦး အား ထိုးနှံပေးပြီးဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်နှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော် (ပြန်/ဆက်)