ကျောက်ဖြူမြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲ များကျင်းပ

 

ကျောက်ဖြူ  ဒီဇင်ဘာ၂၇

မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် လာစေရန်၊ အစုအဖွဲ့လိုက် စုပေါင်းလုပ်ဆောင်တတ်စေရန်နှင့်  အလေ့ထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် နာရီအချိန်က ကျောက်ဖြူမြို့မ အားကစား ကွင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အားကစား ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။

အဆိုပါပြိုင်ပွဲများအား ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့်ကောင်း’’ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို (ကျား) မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ () မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ (ကျား) လွန်ဆွဲပြိုင်ပွဲနှင့်() လွန်ဆွဲပြိုင်ပွဲတို့ ကျင်းပပေးခဲ့ရာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

၎င်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ကျောက်ဖြူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူဝေ၊ကောင်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ကောင်းနှင့် ဆရာ၊ ဆရာမ များက အသီးသီးဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)