ချမ်းအေးသာစံ ဒီဇင်ဘာ ၂၇
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်တင်ဇာလွင်က အဖွင့်အမှာစကားပြောပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်နှင့် တာဝန်ရှိသူများက ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်