မောင်တော ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ် မောင်တောခရိုင်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လှုမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အရ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့မှ စ၍ မြို့ပေါ်ရပ်ကွက်များတွင် မြေပြင်ကွင်းဆင်း၍ သွားရောက်ပေးအပ်ခဲ့ကြသည်။
ထို့သို့ပေးအပ်ရာတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် နှင့် ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက မောင်တောခရိုင် အတွင်းရှိ ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ် လျှက် ရှိရာ မောင်တောမြို့ ပေါ် ရပ်ကွက် များရှိ အသက် ၈၅ နှစ်အထက် အဘိုး(၅၁)ဦး၊ အဘွား (၉၇)ဦး နှင့် ဘူးသီးတောင် မြို့ ပေါ်ရပ်ကွက် များရှိ အ သက် ၈၅ နှစ်အထက် အဘိုး(၆၅)ဦး နှင့် အဘွား (၉၉)ဦး စုစုပေါင်း ၃၁၂ ဦး ရှိပြီး ကျေးရွာများရှိ အသက် ၈၅ နှစ် အထက် ဘိုးဘွား များအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ်သွားမည်ဖြစ်သည်။
ယခု ပေးအပ်သော လူမှုရေးပင်စင်များမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ ၊ဒီဇင်ဘာ )အတွက် ဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွား ၃၁၂ ဦးအတွက် ငွေကျပ် (၉၃၆၀၀၀၀) အား ထောက်ပံ့ ပေးအပ်မည်ဖြစ်ပြီး မောင် တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း နှင့် အဖွဲ့ဝင်များက မောင်တောမြို့ပေါ်ရပ်ကွက်များရှိ အဘိုး၊ အဘွားများအား အာဟာရဖြစ်စေမည့် အစားအစာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး