ဘူးသီးတောင်မြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သော အသက်(၁၈)နှစ် အထက်ရှိသူများအား စတုတ္ထအသုတ် (ပထမအကြိမ်)အဖြစ် လူဦးရေ(၁၀၄၃)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ဘူးသီးတောင် ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား စတုတ္တအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သရီဖီစာသင်ကျောင်း၊ မှိုင်းစရီငှက်ဖျား လုပ်သားနေအိမ်၊ ပန်းကုံးမ စာသင်ကျောင်းတို့၌ စုရပ်ထားရှိကာ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများမှ စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေး လာရောက် ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)