ဗဟန်းမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အ​နောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်၌​ ရွှေတိဂုံ​စေတီ​တော် အရှေ့ဘက်မုခ် အလယ်ပစ္စယာရှိ၊ ရှင်သာမ​ဏေဓမ္မဗိမာန်တွင် မန်​နေ့မွန်လွဲပိုင်းတွင် ကျင်းပလျက်ရှိရာ မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ စာမေးပွဲကြီးကြပ်ရေး အဖွဲ့မှ စီစဉ်သော လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို ကျင်းပ  အဘိဓမ္မာသင်တန်းမှ သင်တန်းသား သင်တန်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အ​နောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင် လူပုဂ္ဂိုလ်များဆိုင်ရာ အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်) စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို အဆင့်(၃)ဆင့် သတ်မှတ်၍ နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး အဘိဓမ္မာ(ရိုးရိုး) စာမေးပွဲဖြေဆိုသူ သီလရှင် ဆရာ​လေး (၄၅) ပါး၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်စာ​မေးပွဲ၊ လူပုဂ္ဂိုလ်အမျိုးသမီး ဖြေဆိုသ(၁)ဦး စုစုပေါင်း စာ​မေးပွဲ​ဖြေဆိုသူ (၄၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြ​ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)