မန်ကန် ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် ယနေ့ကျောင်းသားလူငယ်များလွတ်လပ်ရေးအား မြတ်နိုးလေးစားတန်ဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် မန်ကန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီဌာနတို့ပူးပေါင်းကာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် ကျောင်းသားကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မန်ကန်