ကာမိုင်း ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ စာကြည့်တိုက်အသင်းဝင် ကျောင်းသားကျောင်းသူများဖြင့် ၂၀၂၂
ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့်( ၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ထိမ်းအမှတ် အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၉)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ပြန်/ဆက်ဦးစီးမှူးဒေါ်ခင်သက်ဦးက မေတ္တာ လက်ဆောင်ဆုများ အသီး သီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကာမိုင်း(ပြန်/ဆက်)