ရန်ကင်းမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေး 

ရန်ကင်း ဒီဇင်ဘာ ၂၆ 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ ()ရက်နေ့မှစတင်၍ ရပ်ကွက်များအတွင်း သတ်မှတ်နေရာများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်()ရပ်ကွက်အတွင်း မှတ်ပုံတင်ကတ် ပြုလုပ်ရန် သတ်မှတ်ကွင်းဆင်းဆောင်ရွက်သည့် နေရာများအား လာရောက်ရန်ခက်ခဲသည့် (အငြိမ်းစား)များ၏ နေအိမ်များသို့ လဝကမြို့နယ်ဦးစီးမှူးဦးသိန်းမောင်ဦးဆောင်သော ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက် ပေးခြင်း၊ ဆောင်ရွက်ပြီး မှတ်ပုံတင်ကတ်များ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ရန်ကင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများအား ၂၀၂၁ ခုနှစ် မေလ ()ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်နိုဝင်ဘာ()ရက်နေ့အထိ (၁၈ ) ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး