မိုးကုတ် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်အသက် (၁၈)ပြည့်ပြီးသူများအား ပဉ္စမအသုတ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အား ပထမအကြိမ်ထိုးပေးခြင်းနှင့် ပထမအကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ နေ့စဉ်နံနက်(၉)နာရီမှ (၁၂)နာရီထိမိုးကုတ်မြို့ မိုးလုံလေလုံအားကစားခန်းမနှင့် ကျပ်ပြင်ပတ္တမြားရတနာခန်းမတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ထိုးနှံပေးရာတွင် အသက်(၁၈)နှစ်ပြည့်ပြီး တစ်ကြိမ်မျှဆေးမထိုးရသေးသူများအား ပထမအကြိမ် ဆေးထိုးနှံရာတွင် သွေးပေါင်းချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်တိုင်းပေးခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်မာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကိုစနစ်တကျထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှသိရှိရပါသည်။
နန်းခွာညိုနှင်း